လောကကြီးကို အလှဆင်နေသူများ၊ မိသားစုနှင့် လူ့အဖွဲ့အစည်းအတွက် အဖိုးမဖြတ်နိုင်သော အင်အားစုများဖြစ်ကြသည့် အမျိုးသမီးထုတစ်ရပ်လုံးကို ယနေ့ မတ်လ (၈) ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာအမျိုးသမီးများနေ့ အတွက် အထူးပင် ဂုဏ်ပြုအပ်ပါသည်။ အမျိုးသမီးတိုင်း မိမိတို့၏ စွမ်းဆောင်ရည်များကို ယုံကြည်မှုရှိရှိဖြင့် ဖော်ထုတ်နိုင်ပြီး အခွင့်အရေးတန်းတူညီမျှသော လူမှုပတ်ဝန်းကျင်တစ်ခုမှာ ပျော်ရွှင်စွာ ရှင်သန်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။